အခုတလော အကြိုက်တွေ့နေတဲ့ Sony A6000

e675a31912eaa5652b56cd775cac1985.png

The Sony A6000,

My everyday camera

ဒီကင်မရာလေးကို ဝယ်ထားတာတော့ ၂ နှစ်နီးပါးလောက်ရှိနေပြီ။ ခုနောက်ပိုင်း A6300, A6500 အထိတောင် ထွက်နေပြီ။ ဝယ်သာထားပေမဲ့ သိပ်ပြီးကြာကြာမသုံးဖြစ်ဘူး။ အထူးသဖြင့် street photo တွေရိုက်တဲ့အခါမှပေါ့။ ခုနောက်ပိုင်း ရိုက်ရင်း ရိုက်ရင်းနဲ့မှ ပိုပြီးကြိုက်လာတယ်။ ပြဿနာတစ်ခုပဲရှိတယ်။ သူ့ရဲ့shutter sound အတော်လေးကျယ်တယ်။

အကြိုက်ဆုံးပထမအချက်အနေနဲ့ကတော့ ပေါ့ပေါ့ပါးပါးရှိပြီး သွားလေရာကိုယူသွားလို့ရတယ်။ ကျွန်တော့်ကင်မရာမှာတော့ sigma 19mm art lens လေးတပ်ထားတော့ ပိုပြီးပေါ့တယ်။ Image quality (24.3 megapixel) လည်းမဆိုးဘူးဆိုလို့ပြောလို့ရတယ်။

နောက်တစ်ချက်အနေနဲ့ manual focus mode ပြောင်းပြီး ကိုယ်ကြိုက်တဲ့ အကွာအဝေးကို pre focus ပုံသေသတ်မှတ်ထားပြီးရိုက်လို့ရတယ်။ ကျွန်တော့်အနေနဲ့များသောအားဖြင့် ၂ မီတာအကွာအဝေးကိုကြိုပြီး focus ဖြတ်ထားပြီး ရိုက်လေ့ရှိတယ်။

နောက်တစ်ချက်အနေနဲ့ကတော့ wireless connectivity ပဲ။ ရိုက်ပြီးသားပုံတွေကိုချက်ချင်း smartphone ဆီကို လွှဲပြောင်းလို့ရတယ်။ ဒါမှမဟုတ် smartphone ကနေတဆင့် remote အနေနဲ့ camera ကိုထိန်းချုပ်ပြီး ဓာတ်ပုံရိုက်လို့ရတယ်။ Candid ပုံတွေ လူတွေမသိအောင် အဲဒီနည်းနဲ့ ရိုက်လို့ရတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ usb charging လုပ်လို့ရတာကို အရမ်းကြိုက်တယ်။ ခရီးသွားကင်မရာအနေနဲ့ သုံးလို့ပိုကောင်းတယ်။ ရောက်တဲ့နေရာမှာ အလွယ်တကူ charging လုပ်လို့ရသလို powerbank နဲ့လည်း အားသွင်းလို့ရသေးတယ်။ လက်ရှိဈေးအနေနဲ့ကတော့ ကင်မရာချည်းသက်သက် £400 ဝန်းကျင်ဖြစ်ပြီး kit lens အပါအဝင်ဆိုရင်တော့ £500 နီးပါးရှိတယ်။